ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်နှင့် အမျိုးသမီး အဖွဲ့အစည်းများမှ တာဝန်ရှိသူများအား သီးခြားစီလက်ခံတွေ့ဆုံ

 

6_Pic_01 6_Pic_02
 
ဇူလိုင် ၅၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညိုနှိုင်းရေးမှူးဖြစ်သူ Mr. Knut Ostby ဦးဆောင်သောအဖွဲ့နှင့် အမျိုးသမီးအဖွဲ့အစည်းများဖြစ်သည့် ကျား၊မ တန်းတူညီမျှရေးကွန်ရက် ဥက္ကဋ္ဌ ဒေါ်စန္ဒာသန့်နှင့် မြန်မာအမျိုးသမီးများကွန်ရက်မှ ဒုတိယဥက္ကဋ္ဌ ဒေါ်ကေသီဝင်းတို့ ဦးဆောင်သောအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါသည်။
ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Knut Ostby နှင့်တွေ့ဆုံရာတွင် IDP စခန်းများပိတ်သိမ်းရေး အမျိုးသားအဆင့် မဟာဗျူဟာ ရေးဆွဲဆောင်ရွက်ရာတွင် အရေးကြီးသည့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး ဝန်ဆောင်မှုများရရှိနိုင်ရေး၊ လွတ်လပ်စွာသွားလာခွင့် ရရှိရေး စသည့်အချက်များအား မဟာဗျူဟာတွင် ထည့်သွင်းရေးဆွဲထားပြီးဖြစ်ရာ အဆိုပါမဟာဗျူဟာနှင့်အညီ IDP စခန်းများ အား ပိတ်သိမ်းနိုင်ရေး ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကချင်ပြည်နယ်ရှိ နေရပ်စွန့်ခွာရ သူများ ပြန်လည်နေရာချထားမှုအကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ၈-၅-၂၀၁၉ ရက်နေ့က ဖွဲ့စည်းခဲ့ပြီးနောက် ကချင်ပြည်နယ်ရှိ ဒေသခံအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက် နေမှုများ၊ ကချင်ပြည်နယ်အတွင်းရှိ IDP စခန်းများတွင် လူမှုစီးပွားဘဝဆိုင်ရာ အချက်အလက်များ ကောက်ယူရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအတွက် လူငယ်လုပ်အားပေး အစီအစဉ်ဖြင့် ဆောင်ရွက်ရန်စီစဉ်နေမှုများ၊ ထိုသို့လုပ်ဆောင်မှုများတွင် သက်ဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ တားဆီးကာကွယ်ရေးကော်မတီ အနေဖြင့် ပထမအကြိမ်ညှိနှိုင်းအစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့ဲပြီးနောက် လုပ်ငန်းကော်မတီ ဖွဲ့စည်း၍ လုပ်ငန်းစီမံချက်ရေးဆွဲဆောင်ရွက် နေမှုများနှင့် Country Task Force on Monitoring and Reporting (CTFMR)နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်း ရေးဆွဲရာတွင် ပါဝင်ခဲ့သော (PoVAW Joint Team ) နှင့် တွေ့ဆုံရာတွင် အမျိုသမီးများ အပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေမှုကြမ်းရေးဆွဲနေမှုှနှင့် စပ်လျဉ်းသည့် နောက်ဆုံးအခြေအနေများနှင့် ဥပဒေမူကြမ်းအပေါ် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများမှ ပေးအပ်ထားသောအကြံပြုချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jul2019

Sign Up

Upcoming Events