
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၇-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အမာမြို့၊ နောက်မီး ကျေးရွာအုပ်စု၊ ဦးပေကျေးရွာတွင် ဦးပေချောင်းသည် (၁၅-၅-၂၀၁၉)ရက်နေ့မှ စတင်၍ ချောင်းရေတိုက်စား မှုကြောင့် ကမ်းပြိုမှုဖြစ်ခဲ့ရာ ကမ်းနှင့်မလွတ်ကင်းသည့် နေအိမ် (၃၂)အိမ်အတွက် ကြိုတင်ပြောင်းရွေ့ ရမည် ဖြစ်ခြင်းအတွက်အိမ်ခြေ/ အိမ်ထောင်စု(၃၂)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၆၀၀,၀၀၀) ကျပ်၊ ဆန်ဖိုး ငွေလူဦးရေ(၁၃၉)ဦးအတွက် (၂၉၁,၉၀၀) ကျပ်တို့ကို ဖျာပုံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖွဲ့နှင့် အတူကမ်းပြိုဘေးဖြစ်ပွားသည့် နေရာဘေးသင့်ပြည်သူများ လက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် ပြောင်းရွှေ့ကြမည့်မြေနေရာကိုကြည့်ရှု့ခဲ့ပြီး နောက်မီးကျေးရွာတွင် သဘာဝဘေးကော်မတီရန်ပုံငွေဖြင့် တည် ဆောက်ခဲ့သည့်Cyclone Shelter ၏ပျက်စီးမှုဖြစ်ပေါ်နေသည့် နေရာများကို ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)