လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 

7_Pic_01

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၄-၇-၂၀၁၉)ရက်နေ့၌ မိုးညိုမြို့နယ်၊ ပတ္တော် ကျေးရွာအုပ်စု၊ ကြို့ကုန်းကျးရွာတွင်ဖြစ်ပွား ခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၂)လုံးမှ ဘေးသင့်ပြည်သူ (၁၀)ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၂၁,၀၀၀) ကျပ်အား (၆-၇-၂၀၁၉)ရက်နေ့ နေ့လည် (၁၃:၃၀) နာရီအချိန်တွင် မိုးညိုမြို့နယ်၊ အ.ထ.က(မိုးညို)ရှိ သရဖူခန်းမတွင် လွှတ်တော်ကိုယ်စားလှယ် များနှင့် ပြည်သူ များတွေ့ဆုံပွဲ အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်မှ သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဘေးသင့်ပြည်သူများလက်ဝယ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#bgo_jul2019
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events