လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

6_Pic_02

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊မြောင်းမြမြို့ နယ်၊ဒေါင့်ကြီးကျေးရွာနှင့်မဒေါ့ချောင်းကျေးရွာတို့တွင်(၁-၇-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့ သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့်အိမ်ခြေ(၁)လုံး၊ အမိုးလန်အိမ်ခြေ(၄)လုံး စုစုပေါင်းအိမ်ခြေ(၅)လုံး၊ အိမ်ထောင်စု (၅)စုမှ လူဦးရေ(၂၁)ဦး တို့လေဘေးသင့်ခဲ့ပါသဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၇-၂၀၁၉) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီချိန်တွင်ပြိုကျ ပျက်စီးအိမ်ခြေ(၁)လုံး အတွက်အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀,၀၀၀)ကျပ်၊ အမိုးလန်အိမ်ခြေ(၄)လုံး အတွက်(၁)အိမ်လျင်(၃၀,၀၀၀)ကျပ်နှုန်းဖြင့် (၄)လုံးအတွက်(၁၂၀,၀၀၀)ကျပ်နှင့် လူဦးရေ(၂၁)ဦး အတွက် ဆန်ရိက္ခာ(၇) ရက်စာထောက်ပံ့ငွေ (၄၄,၁၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၆၄,၁၀၀)ကျပ်တို့အား ဘေးသင့် ပြည်သူများထံသို့သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။
#ha_sgw
#ayy_jul2019
 
 
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events