
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေကြည်မြို့နယ် ၊ ငါးသိုင်းချောင်းမြို့၊ ရေနံသာ ကျေးရွာအုပ်စု၊ မအူကုန်းကျေးရွာအုပ်စုနှင့် ကွင်းလျားကျေးရွာအုပ်စု တို့တွင်(၂-၇-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွား ခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ်(၂)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုး(၂၀၀,၀၀၀)ကျပ်၊လူဦးရေ(၆)ဦးအတွက် (၇)ရက်စာရန်ပုံငွေ (၁၂၆,၀၀၀)ကျပ်၊ (၄-၇-၂၀၁၉) ရက်နေ့ တွင်ဖြစ်ပွားသောေ လဘေးကြောင့် (ပြိုကျ/ပျက်စီး)ခဲ့သည့်နေအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀) ကျပ်၊ လူဦးရေ(၁၄)ဦးအတွက် (၇)ရက်စာရန်ပုံငွေ(၂၉,၄၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၆၄၂,၀၀၀) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုးပါ (၄)အိမ်ထောင်စာ (၁၄၉,၄၁၂)ကျပ်တို့အား (၆-၇-၂၀၁၉)ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် တာဝန်ရှိသူများ ရှေ့မှောက်၌ ဘေးသင့်ပြည်သူ များ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)