Category Archives: News
-
ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာတွင် (၄-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)နှင့် ထိခိုက်ဒဏ်ရာရသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀/-)၊ ဘေးသင့်လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာထောက်ပံ့ငွေ (၄၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၅၄၂၀၀/-)တို့ကို (၅-၈-၂၀၁၉)ရက်နေ့ သိမ်ဇရပ်တိုက်နယ်ဆေးရုံတွင် မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့် အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # … Read more
-
မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၌ ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးနေအိမ်များနှင့် စာသင်ကျောင်းများအား ပြည်နယ်ဦးစီးမှူး၊ မွန်ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ အကြီးအကဲများနှင့်အတူ (၃-၈-၂ဝ၁၉) ရက်နေ့တွင် ကွင်းဆင်းကြည့်ရှုခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #mon_aug2019 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
ကျောက်ဖြူခရိုင်ဦးစီမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၈-၂၀၁၉) ရက်နေ့ (၁၃း၀၀)နာရီမှ(၁၄း၀၀)နာရီအထိ ကျောက်ဖြူမြို့၊ ကုလားဘာတောင် အ.လ.က(ခွဲ)ကျောင်း၌ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၀၀)ဦးကျော်ကို ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး၊ တက်ရောက်လာသူများကို ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ရှောင်ရန်များကိုဟောပြောခဲ့ပြီး တက်ရောက်လာသူများကိုလက်ကမ်းစာစောင်များဝေငှပေး ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီမှူးရုံး (ဘစမ) # ar # rke _ aug 2019
-
မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ ( UPR ) အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြား
မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် လူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာ UPR အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ Park Royal Hotel တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက မိမိတို့အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝတိုးတက်ရေး ကို ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးများနှင့်ပတ်သက်၍ ဆောင်ရွက်လျက် ရှိရာ ပြည်သူပြည်သားများလွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ တရားဥပဒေ စိုးမိုးမှုရရှိရန် လူတစ်ဦးချင်းစီ၏ အခြေခံအခွင့်အရေးများကို ဖေါ်ဆောင်နိုင်မည့်ဥပဒေများ ရှိရန်လိုအပ် … Read more
-
မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ လေဆင်နှာမောင်းတိုက်ခက်မှုကြောင့်ပြိုလဲနေအိမ်များအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဆင်နှာမောင်းတိုက်ခက်မှုကြောင့် မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျးရွာအုပ်စု၊ ပဒေသာကုန်းကျေးရွာတွင် ပြိုလဲနေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၅၀၀၀၀၀/-)ကျပ်၊ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ ပလပ်စတစ်ပုံး(၅)ပုံးနှင့် ပြိုလဲနေအိမ်(၅)လုံးမှ ဘေးသင့်လူဦးရေ(၃၁)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၆၅၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၆၅၁၀၀/-)ကျပ်တိတိတို့ကို (၅-၈-၂၀၁၉)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် မင်းလှမြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမတွင် မြို့နယ်ဒုတိယဦးစီးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့်အတူဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) # ha_stt # bgo_aug … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ (၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀:၀၀) နာရီအချိန်ထုတ်ပြန်ချက်)
၁။ “ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက် (၄၈) နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။ ” သတိပေးနှိုးဆော်ချက် ++++++++++++ ၂။ (က) အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ … Read more
-
တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးကျင်းပပြုလုပ်မှုသတင်း +++++++++++++++++++++++++
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၈-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ တိုင်းဒေသကြီးသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စုစုပေါင်း လူဦးရေ (၆၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေး၌ ဝန်ကြီးချုပ်က လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆပ်ကော်မတီ (၁၂) ခုမှ တာဝန်ရှိသူများက ပါဝင်ဆွေးနွေးခဲ့ကာ ၂၀၁၈ ခုနှစ်အတွက် ပဲခူးတိုင်းဒေသကြီးသဘာဝဘေးန္တရာယ်နှင့်ပတ်သက်၍ … Read more
-
မအူပင်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ (ပိန်းချောင်း၊ရွှေလှေသောင်၊လေးအိမ်စု)ကျေးရွာအုပ်စု၊ (ပိန်းချောင်း၊ကျီးချောင်း၊ပိုက်တန်း၊ရွာသစ်စု၊လက်ပံကျွန်း)ကျေးရွာတို့၌ (၂-၈-၂၀၁၉)ရက်နေ့နှင့် (၃-၈-၂၀၁၉)ရက်နေ့တို့တွင် ဖြစ်ပွားသော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၉)လုံး၊ အိမ်ထောင်စု(၉)စုအတွက် အိမ်ထောင်စုတစ်စုလျှင် (၁၀၀,၀၀၀/-)နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀,၀၀၀/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၇)ပုံးနှင့် (၁၆)မျိုးပါ (၂)ပုံး အမိုးလန်နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး တစ်အိမ်ထောင်လျှင် (၃၀,၀၀၀/-)နှုန်းဖြင့် (၆၀,၀၀၀/-) စုစုပေါင်းလူဦးရေ (၄၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၉၆,၆၀၀/-)၊ရန်ပုံငွေစုစုပေါင်း (၁,၀၅၆,၆၀၀/-)ကျပ်အား (၅-၈-၂၀၁၉)ရက်နေ့ (၁၁း၄၅)နာရီအချိန်တွင် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ … Read more
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ကညင်ပင်ကျေးရွာအုပ်စု၊ ကန့်လန့်ကျေးရွာ၊ ခေနန်ကျေးရွာအုပ်စု၊ ရွှေလှေကွင်းကျေးရွာ၊ လဟာဂမုံကျေးရွာအုပ်စု၊ လဟာဂမုံကျေးရွာ၊ လယ်တီကျေးရွာ၊ အမှတ်(၃)ရပ်ကွက်၊ ကွင်းသာယာလမ်းတို့၌ (၂-၈-၂၀၁၉) ရက်နေ့မှ (၄-၈-၂၀၁၉) ရက်နေ့အတွင်း ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ် (၂) လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၅) လုံးတို့မှ လူဦးရေ (၃၄) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၅၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၇၁,၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး … Read more
-
ပန်းတောင်းမြို့နယ်ဦးစီမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာအုပ်စု၊ ရွှေဘုံသာကျေးရွာတွင် (၅-၈-၂၀၁၉)ရက်နေ့ နေ့လည် (၁၂း၀၀)နာရီအချိန်မှ (၁၃း၀၀)နာရီအချိန်ထိ ရွှေဘုံသာကျေးရွာအုပ်ချုပ်ရေးမှူးရုံး တွင် လူဦးရေ(၁၀၀)ဦးဖြင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအားလက်ကမ်းစာစောင်များနှင့်ခေါက်ဆွဲခြောက်ထုပ်များဝေငှခဲ့ပြီးကျေးရွာအုပ်ချုပ် ရေးမှူးထံသို့ မိုးကြိုးဘေး ပိုစတာအကြီး (၁)ခု ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ပန်းတောင်းမြို့နယ်ဦးစီမှူးရုံး (ဘစမ) # ar # bgo _ aug 2019









