လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာတွင် (၄-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)နှင့် ထိခိုက်ဒဏ်ရာရသူ (၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀၀၀၀/-)၊ ဘေးသင့်လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာထောက်ပံ့ငွေ (၄၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၅၄၂၀၀/-)တို့ကို (၅-၈-၂၀၁၉)ရက်နေ့ သိမ်ဇရပ်တိုက်နယ်ဆေးရုံတွင် မြို့နယ်သဘာဝဘေးကော်မတီအဖွဲ့ဝင်များနှင့် အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
# ha¬_sgw
# mon_aug 2019