လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၅-၈-၂၀၁၉) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ တိုင်းဒေသကြီးသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ စုစုပေါင်း လူဦးရေ (၆၀) ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေး၌ ဝန်ကြီးချုပ်က လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆပ်ကော်မတီ (၁၂) ခုမှ တာဝန်ရှိသူများက ပါဝင်ဆွေးနွေးခဲ့ကာ ၂၀၁၈ ခုနှစ်အတွက် ပဲခူးတိုင်းဒေသကြီးသဘာဝဘေးန္တရာယ်နှင့်ပတ်သက်၍ စုစုပေါင်းထောက်ပံ့ပေးနိုင်ခဲ့မှုမှာ ကျပ်(၄.၂၂၄)ဘီလီယံဖြစ်ပါကြောင်း သတင်းရရှိပါသည်။
#otr
#bgo_aug2019
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)