လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ (ပိန်းချောင်း၊ရွှေလှေသောင်၊လေးအိမ်စု)ကျေးရွာအုပ်စု၊ (ပိန်းချောင်း၊ကျီးချောင်း၊ပိုက်တန်း၊ရွာသစ်စု၊လက်ပံကျွန်း)ကျေးရွာတို့၌ (၂-၈-၂၀၁၉)ရက်နေ့နှင့် (၃-၈-၂၀၁၉)ရက်နေ့တို့တွင် ဖြစ်ပွားသော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၉)လုံး၊ အိမ်ထောင်စု(၉)စုအတွက် အိမ်ထောင်စုတစ်စုလျှင် (၁၀၀,၀၀၀/-)နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀,၀၀၀/-)ကျပ် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ (၇)ပုံးနှင့် (၁၆)မျိုးပါ (၂)ပုံး အမိုးလန်နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး တစ်အိမ်ထောင်လျှင် (၃၀,၀၀၀/-)နှုန်းဖြင့် (၆၀,၀၀၀/-) စုစုပေါင်းလူဦးရေ (၄၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၉၆,၆၀၀/-)၊ရန်ပုံငွေစုစုပေါင်း (၁,၀၅၆,၆၀၀/-)ကျပ်အား (၅-၈-၂၀၁၉)ရက်နေ့ (၁၁း၄၅)နာရီအချိန်တွင် မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
# ha¬_sgw
# ayy_aug 2019