ပန်းတောင်းမြို့နယ်ဦးစီမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ရွှေဘုံသာကျေးရွာအုပ်စု၊ ရွှေဘုံသာကျေးရွာတွင် (၅-၈-၂၀၁၉)ရက်နေ့ နေ့လည် (၁၂း၀၀)နာရီအချိန်မှ (၁၃း၀၀)နာရီအချိန်ထိ ရွှေဘုံသာကျေးရွာအုပ်ချုပ်ရေးမှူးရုံး တွင် လူဦးရေ(၁၀၀)ဦးဖြင့် သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး တက်ရောက်လာသူများအားလက်ကမ်းစာစောင်များနှင့်ခေါက်ဆွဲခြောက်ထုပ်များဝေငှခဲ့ပြီးကျေးရွာအုပ်ချုပ် ရေးမှူးထံသို့ မိုးကြိုးဘေး ပိုစတာအကြီး (၁)ခု ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပန်းတောင်းမြို့နယ်ဦးစီမှူးရုံး (ဘစမ)

# ar

# bgo _ aug 2019

Sign Up

Upcoming Events