လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ကညင်ပင်ကျေးရွာအုပ်စု၊ ကန့်လန့်ကျေးရွာ၊ ခေနန်ကျေးရွာအုပ်စု၊ ရွှေလှေကွင်းကျေးရွာ၊ လဟာဂမုံကျေးရွာအုပ်စု၊ လဟာဂမုံကျေးရွာ၊ လယ်တီကျေးရွာ၊ အမှတ်(၃)ရပ်ကွက်၊ ကွင်းသာယာလမ်းတို့၌ (၂-၈-၂၀၁၉) ရက်နေ့မှ (၄-၈-၂၀၁၉) ရက်နေ့အတွင်း ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ် (၂) လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၅) လုံးတို့မှ လူဦးရေ (၃၄) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၅၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၇၁,၄၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စုစာတို့ကို (၅-၈-၂၀၁၉) ရက်နေ၊ (၁၄း၁၅)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_aug2019
Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)