လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဆင်နှာမောင်းတိုက်ခက်မှုကြောင့် မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျးရွာအုပ်စု၊ ပဒေသာကုန်းကျေးရွာတွင် ပြိုလဲနေအိမ်(၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၅၀၀၀၀၀/-)ကျပ်၊ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ ပလပ်စတစ်ပုံး(၅)ပုံးနှင့် ပြိုလဲနေအိမ်(၅)လုံးမှ ဘေးသင့်လူဦးရေ(၃၁)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၆၅၁၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၆၅၁၀၀/-)ကျပ်တိတိတို့ကို (၅-၈-၂၀၁၉)ရက်နေ့ (၁၄း၀၀)နာရီအချိန်တွင် မင်းလှမြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမတွင် မြို့နယ်ဒုတိယဦးစီးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့်အတူဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
# ha_stt
# bgo_aug 2019