လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၈-၂၀၁၉) ရက်နေ့ (၁၃း၀၀)နာရီမှ(၁၄း၀၀)နာရီအထိ ကျောက်ဖြူမြို့၊ ကုလားဘာတောင် အ.လ.က(ခွဲ)ကျောင်း၌ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၀၀)ဦးကျော်ကို ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး၊ တက်ရောက်လာသူများကို ဘေးမဖြစ်မီကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ရှောင်ရန်များကိုဟောပြောခဲ့ပြီး တက်ရောက်လာသူများကိုလက်ကမ်းစာစောင်များဝေငှပေး ခဲ့ပါကြောင်းသတင်းရရှိပါသည်။
Source: ကျောက်ဖြူခရိုင်ဦးစီမှူးရုံး (ဘစမ)
# ar
# rke _ aug 2019