Category Archives: News
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၈-၂၀၁၉) ရက်နေ့(၁၀:၀၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်အထိ သံတွဲခရိုင်၊ သံတွဲမြို့၊ အ.မ.က တရော်တောကျောင်း၌ ကျောင်းသား/သူများနှင့် မိဘ/ဆရာများ စုစုပေါင်း (၇၅) ဦးခန့်အား ရာသီဥတုပြောင်းလဲလာမှု၊ ငလျင်ဘေးအန္တရာယ်၊ လေဘေး၊ ရေဘေးဖြစ်ပွားမှု၊ မိုးကြိုးဘေးအန္တရာယ်နှင့် သဘာဝဘေး အန္တရာယ်များမဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #rke_aug2019
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၈.၂၀၁၉)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် နတ်တလင်းမြို့နယ်၊ တာပွန်မြို့၊ အ.ထ.က(တာပွန်)ကျောင်းတွင် (၁၃.၈.၂၀၁၉)ရက်နေ့တွင်ကျင်းပမည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် သရုပ်ပြ လေ့ကျင့်ခြင်းအတွက် တာပွန်မြို့သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပခဲ့ရာ အခမ်းအနားသို့ ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အ.ထ.က(တာပွန်)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ ဆင့်ပွား သင်တန်းသင်ယူမည့် ကျောင်းသား/သူများ စုစုပေါင်း (၅၀)ဦးခန့်ဖြင့် အောင်မြင်စွာကျင်းပဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_aug2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၇/၈-၈-၂၀၁၉) ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အောင်ကောင်းညွန့်ကျေးရွာ၊ ငွေတောင်ကျေးရွာအုပ်စု၊ ဗိုလ်တဲကျေးရွာနှင့် ချမ်းသာကြီးကျေးရွာတို့တွင် ဖြစ်ပွားခဲ့သောလေဘေးမှ ပြိုလဲနေအိမ် (၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၃၀၀၀၀၀ိ/-)ကျပ်၊ ပြိုလဲနေအိမ်(၁၃)လုံးနှင့် အမိုးလန်နေအိမ်(၃၆)လုံးရှိ လူဦးရေ (၂၅၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၅၄၁၈၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၈၄၁၈၀၀ိ/-)ကျပ်နှင့် ထောက်ပံ့ရေးပစ္စည်း(၁၅)မျိုး(ပလပ်စတစ်ပုံးအပါ)(၁၃)အိမ်ထောင်စာအား ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကဝမြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများမှ (၉.၈.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_aug2019 Source: ပဲခူးတိုင်းဦးစီးမှူးရုံး
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၈-၂၀၁၉) ရက်နေ့( ၁၃:၀၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန် အထိ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ပြည့်ဝကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရာသီဥတုပြောင်းလဲလာမှု၊ ငလျင် ဘေးအန္တရာယ်၊ လေဘေး၊ ရေဘေးဖြစ်ပွားမှု၊ မိုးကြိုးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များမဖြစ်ပွားမီ၊ ဖြစ်ပွား နေစဉ်နှင့် ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ရာ ကျေးရွာသူ/သားများ စုစုပေါင်း (၄၅) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #rke_aug2019
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ (ကံလှ၊ ရဲကွင်း၊ သမုဒ္ဒရိုး၊ နိဗ္ဗာန်၊ အင်းတလူ)ကျေးရွာအုပ်စု (၅)စုရှိ ကျေးရွာခွဲ(၇)ရွာတို့တွင် (၇-၈-၂၀၁၉)နေ့ လေဘေးသင့်ပြိုလဲအိမ်ခြေ (၂)လုံး၊ အမိုးလန်အိမ်ခြေ(၇)လုံး၊ ၎င်းအိမ် ထောင်စု(၉)စုရှိ လူဦးရေ(၃၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး(၄၅၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာတန်ဖိုး(၈၁,၉၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၅၃၁,၉၀၀) ကျပ်ကိုလည်းကောင်း၊ ပြိုလဲအိမ်ခြေ(၂)လုံးအတွက်ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးစီနှင့် တာပေါ်လင်စ(၁)ချပ် စီကိုလည်းကောင်း (၉-၈-၂၀၁၉)ရက်နေ့တွင် ဟင်္သာတမြို့ နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရန်ကုန်တောင်းပိုင်းခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်းပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၈-၂၀၁၉)ရက်နေ့တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ကျွန်းတောရပ်ကွက်၊ ကန်သာယာ(၉)လမ်းနှင့် ကျိုက်သလဲကျေးရွာအုပ်စု လာကပုံကျေးရွာတွင် (၄.၇.၂၀၁၉)ရက်နေ့နှင့် (၇.၈.၂၀၁၉)ရက်နေ့များတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးပျက်စီးအိမ်ခြေ(၂)လုံး၊ ပြိုကျ ပျက်စီးအိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၉)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် အိမ်ဆောက် ပစ္စည်းဖိုး(၁၆၅၀၀၀/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာ (၃၉၉၀၀/-) စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၀၄၉၀၀/-)အား ရန်ကုန် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင်အတူ ဘေးသင့် ပြည်သူများ၏ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တောင်းပိုင်းခရိုင်ဦးစီးမှူးရုံး … Read more
-
ဆောမြို့နယ်ဦးစီးမှူးရုံးဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီမှုးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉ ) ရက်နေ့ (၁၀း၀၀)နာရီအချိန်တွင် ဆောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ယောမင်းကြီးဦးဖိုးလှိုင်ခန်းမ၌ ဆောမြို့နယ်ဦးစီးမှူးရုံးကို ဖွင့်လှစ်ခဲ့ရာ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ (၃၂)ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။ #otr #mgy_aug 2019 Source; ဂန့်ဂေါခရိုင်ဦးစီမှုးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ ဘုရားငူကျေးရွာအုပ်စု၊ ဘုရားငူကျေးရွာတွင် (၆.၈.၂၀၁၉)ရက်နေ့၊ နံနက်(၁း၀၀)နာရီအချိန်က ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်နှင့် ပြိုလဲနေအိမ် မှဘေးသင့် ပြည်သူ စုစုပေါင်း(၅)ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၁၀,၅၀၀) ကျပ်၊ စုစုပေါင်း (၁၁၀,၅၀ဝ/-) ကျပ်တို့ကို (၈-၈-၂၀၁၉)ရက်နေ့ နေ့လည် (၁၂:၃၀)နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဘေးသင့်ပြည်သူများလက်ဝယ် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_aug2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့မှစ၍ ရေဘေးဖြစ်ပွားမှုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေ
၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့မှစ၍ ရေဘေးဖြစ်ပွားမှုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအန ေရေဘးေထာက္ပံ့မႈဇယား
-
၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့မှစ၍ ရေဘေးဖြစ်ပွားမှုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေစာရင်းချုပ်
၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့မှစ၍ ရေဘေးဖြစ်ပွားမှုများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေစာရင်းချုပ် ရေဘေးထောက်ပံ့မှုဇယား









