လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၈-၂၀၁၉) ရက်နေ့(၁၀:၀၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်အထိ သံတွဲခရိုင်၊ သံတွဲမြို့၊ အ.မ.က တရော်တောကျောင်း၌ ကျောင်းသား/သူများနှင့် မိဘ/ဆရာများ စုစုပေါင်း (၇၅) ဦးခန့်အား ရာသီဥတုပြောင်းလဲလာမှု၊ ငလျင်ဘေးအန္တရာယ်၊ လေဘေး၊ ရေဘေးဖြစ်ပွားမှု၊ မိုးကြိုးဘေးအန္တရာယ်နှင့် သဘာဝဘေး အန္တရာယ်များမဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#rke_aug2019