ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ (ကံလှ၊ ရဲကွင်း၊ သမုဒ္ဒရိုး၊ နိဗ္ဗာန်၊ အင်းတလူ)ကျေးရွာအုပ်စု (၅)စုရှိ ကျေးရွာခွဲ(၇)ရွာတို့တွင် (၇-၈-၂၀၁၉)နေ့ လေဘေးသင့်ပြိုလဲအိမ်ခြေ (၂)လုံး၊ အမိုးလန်အိမ်ခြေ(၇)လုံး၊ ၎င်းအိမ် ထောင်စု(၉)စုရှိ လူဦးရေ(၃၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး(၄၅၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာတန်ဖိုး(၈၁,၉၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၅၃၁,၉၀၀) ကျပ်ကိုလည်းကောင်း၊ ပြိုလဲအိမ်ခြေ(၂)လုံးအတွက်ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးစီနှင့် တာပေါ်လင်စ(၁)ချပ် စီကိုလည်းကောင်း (၉-၈-၂၀၁၉)ရက်နေ့တွင် ဟင်္သာတမြို့ နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events