ရန်ကုန်တောင်းပိုင်းခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

 

9_Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်းပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၈-၂၀၁၉)ရက်နေ့တွင် ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ ကျွန်းတောရပ်ကွက်၊ ကန်သာယာ(၉)လမ်းနှင့် ကျိုက်သလဲကျေးရွာအုပ်စု လာကပုံကျေးရွာတွင် (၄.၇.၂၀၁၉)ရက်နေ့နှင့် (၇.၈.၂၀၁၉)ရက်နေ့များတွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးပျက်စီးအိမ်ခြေ(၂)လုံး၊ ပြိုကျ ပျက်စီးအိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၉)ဦးတို့ လေဘေးသင့်ခဲ့ပါသဖြင့် အိမ်ဆောက် ပစ္စည်းဖိုး(၁၆၅၀၀၀/-)နှင့် ဆန်ရိက္ခာ(၇)ရက်စာ (၃၉၉၀၀/-) စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၀၄၉၀၀/-)အား  ရန်ကုန် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင်အတူ ဘေးသင့် ပြည်သူများ၏ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရန်ကုန်တောင်းပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

#ha_swg

#ygn_aug2019

Sign Up

Upcoming Events