Author Archives: Thu Thu Han
-
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်အတွက် မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး(သန်လျင်)မှ တာဝန်ရှိသူများသည် သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဘုရားလမ်း၌ (၅-၁-၂၀၂၃) ရက်နေ့၊ နံနက် (၀၁း၂၅) နာရီအချိန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပါသဖြင့် သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း၊ မြေစိုက် (၁၀×၂၅)ပေ အရောင်းဆိုင် (၁)လုံး၊ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း (၁၅×၄၀) ပေ (၁) ထပ်လူနေအိမ် (၁) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု (၁)စု၊ လူဦးရေ (၇)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် အဆိုပါမီးဘေးသင့်ပြည်သူများအတွက် … Read more
-
အိန္ဒိယနိုင်ငံ၊ အန်ဒမန်နှင့် နီကိုဘားကျွန်းရှိ မြန်မာနိုင်ငံရေလုပ်သားများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အိန္ဒိယနိုင်ငံ၊ အန်ဒမန်နှင့် နီကိုဘားကျွန်းရှိ ပိုးဘလဲအကျဉ်းထောင်၌ သတ်မှတ်ပြစ်ဒဏ်ကျခံ ပြီးနောက် လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား (၄၂)ဦးနှင့် နီကိုဘားကျွန်းတောင်ဘက်တွင် ရေမျောနေသဖြင့် အိန္ဒိယရေယာဉ်မှ ကယ်ဆယ်ခဲ့သည့် မြန်မာရေလုပ်သား(၁)ဦး၊ စုစုပေါင်း (၄၃)ဦးတို့သည် (၂၄-၁၁-၂၀၂၂) ရက်နေ့ (၂၁:၂၀) အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသော မြန်မာနိုင်ငံသား(၄၃)ဦးအား ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး-(ကျားလုံချည်၊တီရှပ်၊ထဘက်၊ဆပ်ပြာ)၊ ခရီးစရိတ်နှင့် စားစရိတ် စုစုပေါင်း (၁၀၆၁၀၀၀/-) တို့အား ဘေးသင့်ပြည်သူများ လက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ (၁၇.၆.၂၀၂၂)ရက်နေ့၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းကျောင်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲအခမ်းအနားတွင် သဘာဘေးအသိပညာ ပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် သရုပ်ပြဆောင်ရွက်ခြင်းများ သွားရောက် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_jun2022 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၆-၂၀၂၂) ရက်နေ့တွင် ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းတို့ပူးပေါင်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက မည်သို့တုံ့ပြန်ဆောင်ရွက်ရမည်ကို သိရှိလိုက်နာဆောင်ရွက်ခြင်းဖြင့် ထိခိုက် ဆုံးရှုံးမှုလျော့နည်းစေရန်အတွက် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောခြင်းများနှင့် ငလျင်ဘေးအန္တရာယ်ဖြစ်ပွားလာပါက ဆောင်ရန်၊ ရှောင်ရန်အချက်များအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှလည်းကောင်း၊ မူးယစ်ဆေးနှင့် လူကုန်ကူးမှုအန္တရာယ်တို့၏ ဆောင်ရန်ရှောင်ရန်အချက်များအား ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှလည်းကောင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ … Read more
-
မုန်တိုင်းဘေးအန္တရာယ်အကြောင်းအသိပညာပေးဆွေးနွေးဟောပြောခြင်း သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်းရှိသူများသည် (၁၆-၆-၂၀၂၂) ရက်နေ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း၊ ရန်ကုန်မြို့၌ သင်တန်းသား၊ သင်တန်းသူ (၇၃)ဦး၊ သင်တန်းကျောင်းမှ အမှုထမ်း၊ အရာထမ်း (၁၀၃)ဦး၊ မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့မှ (၂၀)ဦး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၊ ခရိုင်ရုံး (၉)ဦး၊ စုစုပေါင်းအင်အား(၁၈၅)ဦးတို့အား မုန်တိုင်းဘးအန္တရာယ်အကြာင်း အသိပညာပေး ဆွေးနွေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_jun2022 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မုန်တိုင်းဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ဆောင်ရွက်ပြီးစီးမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်းရှိသူများနှင့် ခရိုင်ရုံးမှ (၉)ဦး အပါအဝင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း၊ ရန်ကုန်မြို့၌ သင်တန်းသား/သူ (၇၃)ဦး၊ သင်တန်းကျောင်းမှ အရာထမ်း၊ အမှုထမ်း (၁၀၃)ဦး၊ မြန်မာနိုင်ငံကြက်sခြေနီတပ်ဖွဲ့မှ (၂၀)ဦး၊ စုစုပေါင်းလူအင်အား (၂၀၅)ဦး တို့နှင့်အတူ မုန်တိုင်းဘေးအန္တရာယ် သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို (၁၆-၆-၂၀၂၂)ရက်နေ့တွင် ကျင်းပ၊ ဆောင်ရွက်ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #simex #ygn_jun2022 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူသည် ဝါးခယ်မမြို့နယ်၊ ကနစိုးကုန်းကျေးရွာအုပ်စု၊ ရွာမကျေးရွာတွင်(၂၅-၅-၂၀၂၂) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀ိ/-)အား (၂၇-၅-၂၀၂၂)ရက်နေ့၊ (၁၇◌း၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနတွင် ဘေးသင့်ပြည်သူ ၏မိသားစုဝင်ထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_may2022 Source: ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဘာသာရပ်သင်ခန်းစာပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး၊ ဦးသန်းစိုးသည် (၁၄-၁-၂၀၂၂ )ရက်နေ့ (၁၂:၅၀) နာရီမှ (၁၆:၀၀)နာရီအထိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကုန်မြို့)၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း( ၇၆ ) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဘာသာရပ်သင်ခန်းစာအား ပို့ချခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_Jan2022 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်မှုနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်လူမှုရေးအသင်းအဖွဲ့များ နှင့်ပူးပေါင်းပြီး လားရှိုးမြို့နေပြည်သူများ COVID-19 ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Stay at Home မြို့များအတွက် ထုတ်ပြန်ထားသော အသိပညာပေးစာသားများကို ဖတ်ကြားခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို (၂၈.၁၁.၂၀၂၁) ရက်နေ့၌ မိမိတို့ဌာနတာဝန်ကျသည့် ပြည်ထောင်စုလမ်းမကြီး၊ လားရှိုးမြို့အဝင်မုခ်ဦးဂိတ်၌ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2021 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်မှုနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်လူမှုရေးအသင်းအဖွဲ့များ နှင့်ပူးပေါင်းပြီး လားရှိုးမြို့နေပြည်သူများ COVID-19 ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Stay at Home မြို့များအတွက် ထုတ်ပြန်ထားသော အသိပညာပေးစာသားများကို ဖတ်ကြားခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို (၂၇.၁၁.၂၀၂၁) ရက်နေ့၌ မိမိတို့ဌာနတာဝန်ကျသည့် ပြည်ထောင်စုလမ်းမကြီး၊ လားရှိုးမြို့ အဝင်မုခ်ဦးဂိတ်၌ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2021 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)
