လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုးညိုမြို့နယ်၊ ဘုရားငူကျေးရွာအုပ်စု၊ ဘုရားငူကျေးရွာတွင် (၆.၈.၂၀၁၉)ရက်နေ့၊ နံနက်(၁း၀၀)နာရီအချိန်က ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်နှင့် ပြိုလဲနေအိမ် မှဘေးသင့် ပြည်သူ စုစုပေါင်း(၅)ဦးအတွက် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ (၁၀,၅၀၀) ကျပ်၊ စုစုပေါင်း (၁၁၀,၅၀ဝ/-) ကျပ်တို့ကို (၈-၈-၂၀၁၉)ရက်နေ့ နေ့လည် (၁၂:၃၀)နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဘေးသင့်ပြည်သူများလက်ဝယ် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_aug2019
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)