လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၈.၂၀၁၉)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် နတ်တလင်းမြို့နယ်၊ တာပွန်မြို့၊ အ.ထ.က(တာပွန်)ကျောင်းတွင် (၁၃.၈.၂၀၁၉)ရက်နေ့တွင်ကျင်းပမည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးအန္တရာယ် သရုပ်ပြ လေ့ကျင့်ခြင်းအတွက် တာပွန်မြို့သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပခဲ့ရာ အခမ်းအနားသို့ ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အ.ထ.က(တာပွန်)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ ဆင့်ပွား သင်တန်းသင်ယူမည့် ကျောင်းသား/သူများ စုစုပေါင်း (၅၀)ဦးခန့်ဖြင့် အောင်မြင်စွာကျင်းပဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#bgo_aug2019
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)