သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၈-၈-၂၀၁၉) ရက်နေ့( ၁၃:၀၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန် အထိ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ပြည့်ဝကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရာသီဥတုပြောင်းလဲလာမှု၊ ငလျင် ဘေးအန္တရာယ်၊ လေဘေး၊ ရေဘေးဖြစ်ပွားမှု၊ မိုးကြိုးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များမဖြစ်ပွားမီ၊ ဖြစ်ပွား နေစဉ်နှင့် ဖြစ်ပွားပြီးချိန်များတွင် ဆောင်ရန်/ရှောင်ရန်အချက်များအား ဆွေးနွေးဟောပြောခဲ့ခြင်းနှင့် လက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ရာ ကျေးရွာသူ/သားများ စုစုပေါင်း (၄၅) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar
#rke_aug2019

Sign Up

Upcoming Events