လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၇/၈-၈-၂၀၁၉) ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ အောင်ကောင်းညွန့်ကျေးရွာ၊ ငွေတောင်ကျေးရွာအုပ်စု၊ ဗိုလ်တဲကျေးရွာနှင့် ချမ်းသာကြီးကျေးရွာတို့တွင် ဖြစ်ပွားခဲ့သောလေဘေးမှ ပြိုလဲနေအိမ် (၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၃၀၀၀၀၀ိ/-)ကျပ်၊ ပြိုလဲနေအိမ်(၁၃)လုံးနှင့် အမိုးလန်နေအိမ်(၃၆)လုံးရှိ လူဦးရေ (၂၅၈)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၅၄၁၈၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၈၄၁၈၀၀ိ/-)ကျပ်နှင့် ထောက်ပံ့ရေးပစ္စည်း(၁၅)မျိုး(ပလပ်စတစ်ပုံးအပါ)(၁၃)အိမ်ထောင်စာအား ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ကဝမြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများမှ (၉.၈.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#bgo_aug2019
Source: ပဲခူးတိုင်းဦးစီးမှူးရုံး