Category Archives: News
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး Toyo Eiwa Women’s College, Japan မှ Mr.Saburo Takizawa ဦးဆောင်သော ဂျပန်လေ့လာရေးလူငယ်များအဖွဲ့အား တွေ့ဆုံ
နေပြည်တော်၊ သြဂုတ် ၉ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ဂျပန်နိုင်ငံ၊ Toyo Eiwa Women’s College မှ Visiting Professor and Special Advisor For UNHCR ဖြစ်သူMr.Suburo Takizawa ဦးဆောင်သော ဂျပန်လေ့လာရေးကျောင်းသား/ကျောင်းသူများအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးစုပေါင်းခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာန (၃)ခုမှ တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ မူဝါဒများနှင့် ဥပဒေများ ချမှတ်ပြဌာန်းရေးဆောင်ရွက်နေမှုများ၊ လူငယ်မူဝါဒများချမှတ်၍ လူငယ်များ၏ … Read more
-
၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်း
စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၄)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း (၂)ပေခွဲခန့်ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ပါသည်။ ရွှေကျင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့ တွင် ပေဝက်ခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။ သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ … Read more
-
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ရပ်ကွက်ကျေးရွာများတွင်(၃-၈-၂၀၁၉)ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးနစ်မြုပ်မှုကြောင့် နီးစပ်ရာဆွေမျိုးများနေအိမ်တွင်ပြောင်းရွှေ့နေထိုင်လျှက်ရှိသော ရေဘေးသင့်ပြည်သူထပ်တိုး အိမ်ထောင်စု(၁၂၃)စုမှ လူဉ်ီးရေ(၆၃၆)ဦးနှင့် ကယ်ဆယ်ရေးစခန်း(၆)ခုမှ အိမ်ထောင်စု(၁၇၆)စု၊ လူဦးရေ(၈၅၄)ဦး၊ စုစုပေါင်းအိမ်ထောင်စု (၃၀၈)စု၊ လူဦးရေ (၁၄၉၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၃၁၂၉၀၀၀/-)ကျပ်အား (၉-၈-၂၀၁၉)ရက်နေ့တွင် ကော့ကရိတ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီမှူးရုံး (ဘစမ) #ha_fld #krn_aug 2019
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန် မြို့နယ်၊ အင်းတရော်အုပ်စု၊ ဝန်အိုင်တောင်ကျေးရွာနှင့် ညောင်ပင်ဈေးရပ်ကွက်၌ (၇-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးခဲ့သောနေအိမ် (ဝါးအိမ်-၂လုံး)တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော နေအိမ်(သစ်- ၄လုံး) စုစုပေါင်းအိမ်ခြေ( ၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ( ၄၀၀၀၀၀/- )ကျပ်၊ အိမ်ထောင်စု (၆)စုမှ လူဦးရေ (၂၅ ) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၅၂၅၀၀/-)ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၄၅၂၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂)အိမ်ထောင်စာ (တန်ဖိုး- ၆၇၇၀၆/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေတန်ဖိုး … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွန်းချောင်းကျေးရွာအုပ်စု၊ နုံးကျွန်ကျေးရွာအုပ်စု၊ ကွဲျခြံကျုံလမုကျေးရွာအုပ်စု၊ ရှောက်ချောင်းကျေးရွာအုပ်စု၊ မဘေကျေးရွာအုပ်စု၊ ကျော်ဇံကျေးရွာအုပ်စု၊ ဝါးရခိုင်ကျေးရွာအုပ်စုတို့၌ (၆-၈-၂၀၁၉) ရက်နေ့မှ (၇-၈-၂၀၁၉)ရက်နေ့ထိ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၂၄)လုံး၊ အိမ်ထောင်စု(၂၄)စုမှ ဘေးသင့်ပြည်သူ(၁၀၁)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၂၄)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၁၂၁၀၀/-)ကျပ်၊ တစ်စိတ်စိတ်ပိုင်း(အမိုးလန်)ပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)တို့မှ ဘေးသင့်လူဦးရေ(၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ်၊ လေဘေးအတွက်စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၇၄၈၄၀၀/-)တိတိအား မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ … Read more
-
မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုကျမှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
ူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၉)ရက်နေ့ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊ ကျောက်ကမ်းဖဲကျေးရွာ၌ မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုကျမှုကြောင့် ထိခိုက်ပျက်စီးခဲ့သောနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀၀၀၀/-)ကျပ်နှင့် လူ(၅)ဦးတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-)ကျပ်တို့အား (၉-၈-၂၀၁၉)ရက်နေ့ ညနေ(၅း၀၀)အချိန်တွင် သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီမှူးရုံး (ဘစမ) #ha_fld #tny_aug 2019
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၁၉)နေ့၊(၃-၈-၂၀၁၉)နေ့နှင့်(၅-၈-၂၀၁၉)နေ့များတွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ရွှေပြည်သာရပ်ကွက်တွင် အိမ်ခြေ (၇) လုံး အိမ်ထောင်စု (၇)စုမှလူဦးရေ (၄၈)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၇၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၁၀၀၈၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်း (၁၁)မျိုး (၇)အိမ်ထောင်စာကို လည်းကောင်း၊ အေးရိပ်ငြိမ်ရပ်ကွက်မှ အိမ်ခြေ (၃)လုံး အိမ်ထောင်စု (၆)စု လူဦးရေ (၂၅)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ(၅၂၅၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၆) အိမ်ထောင်စာတို့အား (၇-၈-၂၀၁၉)ရက်နေ့တွင်သွားရောက်ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။ … Read more
-
ကမ်းပြိုဘေးနှင့် လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၁၉) ရက်နေ့တွင် ကျိုက်လတ်မြို့နယ်၊ ဒါချောင်းကျေးရွာအုပ်စု၊ ကျွန်းကလေးကျေးရွာတွင် မြစ်ရေတိုက်စားမှု ကြောင့် ကမ်းပါးပြိုဘေးဖြစ်ပွားခဲ့ရာ ကြိုတင်ပြောင်းရွှေ့နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀)ကျပ်၊ ဆန်ဖိုးငွေ (၇)ရက်စာ လူ(၂၀)ဦးအတွက် (၄၂၀၀၀)ကျပ်တို့ကိုလည်းကောင်း၊ ပရိုက်ဝကျေးရွာအုပ်စု၊ ပရိုက်ဝကျေးရွာတွင် (၇-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့် ပြိုလဲအိမ်ထောင်စု(၁)အတွက် အိမ်ဆောက်ပစ်စည်းဖိုးငွေ (၁၀၀၀၀၀)ကျပ်၊ ဆန်ဖိုးငွေ လူ(၄)ဦးအတွက် (၄၂၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း တစ်အိမ်ထောင်စုစာ(၁၆)မျိုးတို့ကိုလည်းကောင်း (၉-၈-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ကွင်းဆင်း သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း … Read more
-
နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမားများအား ကြိုဆိုလက်ခံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ (၇-၈-၂၀၁၉) ရက်နေ့တွင် နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမား(၆၉) ဦးတို့အား ကြိုဆို၍ နေရပ်ပြန်ရန် လတ်တလောအဆင်မပြေသူ (၃၅) ဦးအား ပြန်လည်ထူထောင်ရေးဂေဟာတွင် ခေတ္တထားရှိနိုင်ရေး ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #otr #tny_aug2019
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ ကျေးရွာခွဲ (၃)ရွာတွင် (၈-၈-၂၀၁၉)နေ့ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ခြေ/အိမ်ထောင် (၁၃)လုံးမှ လူဦးရေ(၅၃)ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၃၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာတန်ဖိုး(၁၁၁,၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁,၄၁၁,၃၀၀) ကျပ်အား (၉-၈-၂၀၁၉)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။









