လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

10_Pic_01 10_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွန်းချောင်းကျေးရွာအုပ်စု၊ နုံးကျွန်ကျေးရွာအုပ်စု၊ ကွဲျခြံကျုံလမုကျေးရွာအုပ်စု၊ ရှောက်ချောင်းကျေးရွာအုပ်စု၊ မဘေကျေးရွာအုပ်စု၊ ကျော်ဇံကျေးရွာအုပ်စု၊ ဝါးရခိုင်ကျေးရွာအုပ်စုတို့၌ (၆-၈-၂၀၁၉) ရက်နေ့မှ (၇-၈-၂၀၁၉)ရက်နေ့ထိ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၂၄)လုံး၊ အိမ်ထောင်စု(၂၄)စုမှ ဘေးသင့်ပြည်သူ(၁၀၁)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၂၄)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၁၂၁၀၀/-)ကျပ်၊ တစ်စိတ်စိတ်ပိုင်း(အမိုးလန်)ပျက်စီးခဲ့သော နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)တို့မှ ဘေးသင့်လူဦးရေ(၃)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၆၃၀၀/-)ကျပ်၊ လေဘေးအတွက်စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၇၄၈၄၀၀/-)တိတိအား မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၉-၈-၂၀၁၉)ရက်နေ့၊ (၁၅း၀၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ ရပ်ကျေးစာရေးများနှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီမှူးရုံး (ဘစမ)

#ha_sgw

#ayy_aug 2019

 

Sign Up

Upcoming Events