ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

10_Pic_01 10_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ရပ်ကွက်ကျေးရွာများတွင်(၃-၈-၂၀၁၉)ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးနစ်မြုပ်မှုကြောင့် နီးစပ်ရာဆွေမျိုးများနေအိမ်တွင်ပြောင်းရွှေ့နေထိုင်လျှက်ရှိသော ရေဘေးသင့်ပြည်သူထပ်တိုး အိမ်ထောင်စု(၁၂၃)စုမှ လူဉ်ီးရေ(၆၃၆)ဦးနှင့် ကယ်ဆယ်ရေးစခန်း(၆)ခုမှ အိမ်ထောင်စု(၁၇၆)စု၊ လူဦးရေ(၈၅၄)ဦး၊ စုစုပေါင်းအိမ်ထောင်စု (၃၀၈)စု၊ လူဦးရေ (၁၄၉၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၃၁၂၉၀၀၀/-)ကျပ်အား (၉-၈-၂၀၁၉)ရက်နေ့တွင် ကော့ကရိတ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ကော့ကရိတ်ခရိုင်ဦးစီမှူးရုံး (ဘစမ)

#ha_fld

#krn_aug 2019

Sign Up

Upcoming Events