လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၈-၂၀၁၉)နေ့၊(၃-၈-၂၀၁၉)နေ့နှင့်(၅-၈-၂၀၁၉)နေ့များတွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ရွှေပြည်သာရပ်ကွက်တွင် အိမ်ခြေ (၇) လုံး အိမ်ထောင်စု (၇)စုမှလူဦးရေ (၄၈)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၇၀၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၁၀၀၈၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်း (၁၁)မျိုး (၇)အိမ်ထောင်စာကို လည်းကောင်း၊ အေးရိပ်ငြိမ်ရပ်ကွက်မှ အိမ်ခြေ (၃)လုံး အိမ်ထောင်စု (၆)စု လူဦးရေ (၂၅)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ် ဆန်ရိက္ခာ ဖိုးထောက်ပံ့ငွေ(၅၂၅၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၆) အိမ်ထောင်စာတို့အား (၇-၈-၂၀၁၉)ရက်နေ့တွင်သွားရောက်ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ha_sgw
#tny_aug 2019
Source: ကော့သောင်းခရိုင်ဦးစီမှူးရုံး (ဘစမ)