လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန် မြို့နယ်၊ အင်းတရော်အုပ်စု၊ ဝန်အိုင်တောင်ကျေးရွာနှင့် ညောင်ပင်ဈေးရပ်ကွက်၌ (၇-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးခဲ့သောနေအိမ် (ဝါးအိမ်-၂လုံး)တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော နေအိမ်(သစ်- ၄လုံး) စုစုပေါင်းအိမ်ခြေ( ၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ ( ၄၀၀၀၀၀/- )ကျပ်၊ အိမ်ထောင်စု (၆)စုမှ လူဦးရေ (၂၅ ) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၅၂၅၀၀/-)ကျပ် စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၄၅၂၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂)အိမ်ထောင်စာ (တန်ဖိုး- ၆၇၇၀၆/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေတန်ဖိုး ( ၅၂၀၂၀၆/-)ကျပ်ကို (၉-၈-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) အချိန်တွင်ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_aug 2019
Source: ဟင်္သာတခရိုင်ဦးစီမှူးရုံး (ဘစမ)