လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၁၉) ရက်နေ့တွင် ကျိုက်လတ်မြို့နယ်၊ ဒါချောင်းကျေးရွာအုပ်စု၊ ကျွန်းကလေးကျေးရွာတွင် မြစ်ရေတိုက်စားမှု ကြောင့် ကမ်းပါးပြိုဘေးဖြစ်ပွားခဲ့ရာ ကြိုတင်ပြောင်းရွှေ့နေအိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀၀)ကျပ်၊ ဆန်ဖိုးငွေ (၇)ရက်စာ လူ(၂၀)ဦးအတွက် (၄၂၀၀၀)ကျပ်တို့ကိုလည်းကောင်း၊ ပရိုက်ဝကျေးရွာအုပ်စု၊ ပရိုက်ဝကျေးရွာတွင် (၇-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးသင့် ပြိုလဲအိမ်ထောင်စု(၁)အတွက် အိမ်ဆောက်ပစ်စည်းဖိုးငွေ (၁၀၀၀၀၀)ကျပ်၊ ဆန်ဖိုးငွေ လူ(၄)ဦးအတွက် (၄၂၀၀)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း တစ်အိမ်ထောင်စုစာ(၁၆)မျိုးတို့ကိုလည်းကောင်း (၉-၈-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ကွင်းဆင်း သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ha_sgw
#ayy_aug2019
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)