လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ (၇-၈-၂၀၁၉) ရက်နေ့တွင် နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမား(၆၉) ဦးတို့အား ကြိုဆို၍ နေရပ်ပြန်ရန် လတ်တလောအဆင်မပြေသူ (၃၅) ဦးအား ပြန်လည်ထူထောင်ရေးဂေဟာတွင် ခေတ္တထားရှိနိုင်ရေး ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)
#otr
#tny_aug2019