ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ ကျေးရွာခွဲ (၃)ရွာတွင် (၈-၈-၂၀၁၉)နေ့ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးသင့် အိမ်ခြေ/အိမ်ထောင် (၁၃)လုံးမှ လူဦးရေ(၅၃)ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၃၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာတန်ဖိုး(၁၁၁,၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁,၄၁၁,၃၀၀) ကျပ်အား (၉-၈-၂၀၁၉)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ  သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events