ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး Toyo Eiwa Women’s College, Japan မှ Mr.Saburo Takizawa ဦးဆောင်သော ဂျပန်လေ့လာရေးလူငယ်များအဖွဲ့အား တွေ့ဆုံ

10 _ Pic _ 01 10 _ Pic _ 02
နေပြည်တော်၊ သြဂုတ် ၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား ဂျပန်နိုင်ငံ၊ Toyo Eiwa Women’s College မှ Visiting Professor and Special Advisor For UNHCR ဖြစ်သူMr.Suburo Takizawa ဦးဆောင်သော ဂျပန်လေ့လာရေးကျောင်းသား/ကျောင်းသူများအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံးစုပေါင်းခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာန (၃)ခုမှ တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ၊ မူဝါဒများနှင့် ဥပဒေများ ချမှတ်ပြဌာန်းရေးဆောင်ရွက်နေမှုများ၊ လူငယ်မူဝါဒများချမှတ်၍ လူငယ်များ၏ အခန်းကဏ္ဍများ ပိုမိုမြှင့်တင်ရန်ကြိုးပမ်းဆောင်ရွက်နေမှုများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ လူငယ်များ ကိုယ်တိုင် ကိုယ်ကျပါဝင်ဆန္ဒပြုသော လူငယ်မူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလတွင် ကြုံတွေ့နေရသော အခက်အခဲများ၊လူငယ်များကြုံတွေ့နေရသော စိန်ခေါ်မှုများကို လူငယ်များ၏ အတွေးသစ်၊ အမြင်သစ်များနှင့် စည်းလုံးညီညွတ်မှုဖြင့် ကျော်လွှားအောင်မြင်အောင် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေမှုများကိုရှင်းလင်းပြောကြားခဲ့ပြီး ဂျပန်နိုင်ငံအစိုးရနှင့် ဂျပန်ပြည်သူများ၏ မြန်မာနိုင်ငံပေါ်ကူညီထောက်ပံ့မှုများနှင့် ဂျပန်နိုင်ငံကအာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများအပေါ်ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း ပြောကြားပါသည်။
ထို့နောက် Mr.Saburo Takizawa က မြန်မာနိုင်ငံသို့လေ့လာရေးခရီးလာရောက်သည်မှာ (၇)ကြိမ်မြောက်ရှိပြီဖြစ် ပါကြောင်း၊ မိမိတို့ဂျပန်နိုင်ငံသည် ၂၀၁၁ခုနှစ်တွင် သဘာဝဘေးအန္တရာယ်ကြီးကြုံတွေ့ခဲ့ရသဖြင့် ယခုအချိန်ထိ ပြန်လည် ထူထောင်ရေးဆောင်ရွက်နေရဆဲဖြစ်ပါကြောင်း၊ဂျပန်နိုင်ငံသည် ကျွန်းနိုင်ငံဖြစ်သဖြင့် ယခင်ကဂျပန်လူမျိုး တစ်မျိုးသာ ရှိခဲ့သော်လည်းဖွံ့ဖြိုးတိုးတက်မှုအရ နိုင်ငံတကာမှ နိုင်ငံခြားသားများကျွန်းတိုင်းတွင် ရောက်ရှိနေသဖြင့် မြန်မာနိုင်ငံကဲ့သို့ ပင်အနာဂတ်တွင် မတူကွဲပြားမှုဆိုင်ရာပြဿနာများဖြေရှင်းရနိုင်သည် ဟုယူဆမိကြောင်း၊အနာဂတ်လူငယ်များသည် တိုင်းပြည် ၏ အခက်အခဲများကိုဖြေရှင်းရာတွင် အဓိကအရေးပါ ပါကြောင်းနှင့် မြန်မာနိုင်ငံခရီးစဉ်အတွင်းဒေသအသီသီး၊ အလွှာအသီး သီးမှလူငယ်များနှင့်တွေ့ဆုံ၍ အတွေးအမြင်ဗဟုသုတ၊ အတွေ့အကြုံများဖလှယ်၍ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်း သွားမည်ဖြစ်ပါကြောင်း ပြန်လည်ပြောကြားပါသည်။
ဆက်လက်၍ ဂျပန်လူငယ်များနှင့်အဖွဲ့ဝင်များက မေးခွန်းများမေးမြန်းကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ လူမှုဝန်ထမ်းဦးစီးဌာန၏ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနမှ ထုတ်လုပ်သည့်လက်မှုပစ္စည်း အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းနှင့် မြန်အောင်မြို့နယ်၊ မြို့ရွှေကျောင်းပရဟိတမှ ဆရာတော်နှင့် အုပ်ချုပ်သူများ ခေါင်းဆောင်သော ပရဟိတကျောင်းသား/ ကျောင်းသူစုစုပေါင်း(၉၅)ဦးအဖွဲ့တို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိလူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လေ့လာရေးခရီးစဉ် လာရောက်ခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက ဦးဆောင်၍ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ်တွင် ပြည်ထောင်စုဝန်ကြီးကဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ၊ ကလေးသူငယ်အခွင့် အရေးများဆိုင်ရာဥပဒေနှင့် ပတ်သက်၍သိကောင်းစရာများ၊ ဂေဟာ/ သင်တန်းကျောင်းများတွင် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် ကာကွယ်ပေးခြင်းဆိုင်ရာစံချိန် စံညွှန်းများနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပြီးပရဟိတကျောင်းသား/ ကျောင်းသူများနှင့် အုပ်ချုပ်သူများကသိရှိလိုသောမေးခွန်းများနှင့် လိုအပ်ချက်များကိုညှိနှိုင်းဆွေးနွေးပေးခဲ့ပါသည်။ ထို့နောက် ပရဟိတဂေဟာအတွက် ထောက်ပံ့ငွေ ကျပ်(၅)သိန်းအား ပေးအပ်ခဲ့ပြီးပရဟိတကျောင်းမှ တိုင်းရင်းသား၊ တိုင်းရင်းသူများကရိုးရာအကများဖြင့် ဖြေဖျော်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

#hl1
#npw_aug2019

Source: MOSWRR

Sign Up

Upcoming Events