Category Archives: News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီ မြို့နယ်၊ အသရော်ကျေးရွာအုပ်စု၊ အသရော်ကျေးရွာနှင့်မဲကျွန်းကျေးရွာတို့၌ (၂၆-၉-၂၀၁၉) ရက်တွင် ဖြစ်ပွားခဲ့ သော လေဘေးမှလေဘေးသင့်ပြိုလဲနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်၊ ပြိုလဲနေအိမ်(၃)လုံးနှင့် အမိုးလန်နေအိမ်(၁)လုံးတို့ရှိ စုစုပေါင်းလူဦးရေ (၁၆)ဦးတို့အတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုး ထောက်ပံ့ငွေ(၃၃,၆၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၃၃,၆၀၀)ကျပ်နှင့် ပြိုလဲ နေအိမ်(၃)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅) မျိုးပါ(၃) အိမ်ထောင်စာတို့အား … Read more
-
မုန်တိုင်းသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာန၊ မြောင်းမြခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၁၉)ရက်နေ့၊ နေ့လည် (၁၁:၃၀)နာရီမှ (၁၃:၀၀) နာရီအချိန်ထိ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီး ဌာနတို့နှင့်ပူးပေါင်း၍ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့သည် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ သရွတ်ကြီးကျေးရွာအုပ်စု၊ သရွတ်ကြီးကျေးရွာတွင် ဌာန ဆိုင်ရာအဖွဲ့အစည်းများမှအင်အား (၃၀)ဉီးနှင့် ကျေးရွာနေပြည်သူလူထု (၃၅၀) ဦးတို့ဖြင့် မုန်တိုင်းသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအား ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #simex_str #ayy_sep2019 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများဖော်ဆောင်ရေး သက်ကြီးရွယ်အိုများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းဖြင့် ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ရေးတွေ့ဆုံဆွေးနွေးမှုသတင်း
စက်တင်ဘာ ၂၉၊ ရန်ကုန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများဖော်ဆောင်ရေး သက်ကြီးရွယ်အိုများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း ဖြင့်ကိုယ်တိုင်ပါဝင်ဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာကို ဖွင့်လှစ်ထားရှိပြီး သက်ကြီးဘိုးဘွား (၁၀၃) ဦးကို စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ သက်ကြီးရွယ်အို နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ သို့ရောက်ရှိလာသော ဘိုဘွားများသည် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများကို … Read more
-
ပထမအကြိမ် မြန်မာနိုင်ငံယောဂအသင်း၏ နှစ်ပတ်လည်လှုပ်ရှားမှုအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်မှု သတင်း
စက်တင်ဘာ၊ ၂၈၊ နေပြည်တော် ပထမအကြိမ် မြန်မာနိုင်ငံယောဂအသင်း၏ နှစ်ပတ်လည်လှုပ်ရှားမှု အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်၊ တုံဂပူရီဟိုတည်၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် ခဲ့ပါသည်။ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံယောဂအသင်းမှ တာဝန်ရှိသူတစ်ဦး တို့က ဖယောင်းတိုင်းမီးထွန်းညှိ၍ ဖွင့်လှစ်ပေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ယောဂလေ့ကျင့်ခြင်းဟာ အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု အားကစားတစ်ခုလည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှာလည်း အာရှနှင့် အပြည်ပြည် ဆိုင်ရာ ယောဂအားကစားပြိုင်ပွဲကို ယခုနှစ် ဖေဖော်ဝါရီလ၌ ကျင်းပခဲ့ကြောင်း၊ ယောဂလေ့ကျင့်ခြင်းသည် … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား World Vision International Myanmar က လာရောက်တွေ့ဆုံမှု သတင်း
စက်တင်ဘာ ၂၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး World Vision International Myanmar မှ တာဝန်ရှိသူ များအား ဝန်ကြီးဌာန၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ကလေး သူငယ်အခွင့်အရေးများ အပြည့်အဝရရှိရေး၊ ကလေးသူငယ်များ အပေါ်အကြမ်းဖက်မှု အလွဲ သုံးစားပြုလုပ်မှုများမှ တားဆီးကာကွယ်ရေး၊ လမ်းပေါ်နေကလေးသူငယ်များ ပြန်လည် ထူထောင်ရေး၊ လူကုန်ကူးမှုများ မဖြစ်ပွားစေရန် တားဆီးကာကွယ်ရေးနယ်ပယ်များတွင် … Read more
-
တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်တွေမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှု ကြောင့် (၂၀.၉.၂၀၁၉)ရက်တွက် စစ်တွေမြို့နယ်၊ ဃောသိတာရုံကျောင်းတိုက်သို့် ထပ်တိုး ရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု(၃)စုမှ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၁)အိတ်၊ (၄)ပြည်အား လည်းကောင်း၊ (၂၄.၉.၂၀၁၉)ရက်တွင် စစ်တွေမြို့နယ်၊ ဓမ္မာရာမကျောင်းတိုက်သို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု(၂၄)စုမှ လူဦးရေ(၁၁၃)ဦးအတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၁၆)အိတ်၊ (၁၁)ပြည်၊ (၄)ဘူးအား လည်းကောင်း (၂၇.၉.၂၀၁၉) ရက်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: စစ္ေတြခရိုင်ဦးစီးမှူးရုံး … Read more
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၁၉) ရက်နေ့၌ ကျောက်ဖြူမြို့နယ်၊ အုန်းတောအုပ်စု၊ ပြိုင်စေ့ကေကျေးရွာတွင် မိုးကြိုးထိမှန်၍ သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၂၇-၉-၂၀၁၉) ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_tls #rke_sep2019
-
ဇီးချောင်းရေကျိုးပေါက်မှုအား ပိတ်ဆို့ဆောင်ရွက်မည့်လုပ်ငန်းတွင် စက်သုံးဆီဝယ်ယူရန်ကုန်ကျငွေ လွှဲပြောင်းထောက် ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန စစ်တိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း ဇီးချောင်းရေလမ်းကြောင်း ပြန်လည်ကောင်းမွန်ရေးနှင့် ကျေးရွာများရေဝင်ရောက်မှု ကာကွယ်နိုင်ရန်အတွက် ဇီးချောင်းရေကျိုးပေါက်မှုအား ပိတ်ဆို့ဆောင်ရွက်မည့် လုပ်ငန်းတွင် စက်သုံးဆီဝယ်ယူရန် ကုန်ကျငွေ (၂၂၅၀၀၀၀) အား ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှုးနှင့်အတူ (၂၇-၉-၂၀၁၉) ရက်နေ့ (၁၁:၃၀)တွင် သက်ဆိုင်ရာလူများထံသို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ) #otr #sgg_sep2019
-
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်သူများ သဘာဝဘေးအသိပညာများ ပိုမိုကျယ်ပြန့်ထိရောက်စွာသိရှိစေရေး၊ ဘေးအန္တရာယ်ထိခိုက်မှု လျှော့ချ ရေးလုပ်ငန်းများကို ပိုမိုနားလည်လာစေပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို ကိုယ်တိုင်ထိထိ ရောက်ရောက် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို (၂၇-၉-၂၀၁၉) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။ သင်တန်းဆင်းပွဲအခမ်းအနားတွင် နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦစီးဌာန တိုင်းဦးစီးမှူးက သင်တန်းဆင်းအမှာ စကားပြောကြားပြီး … Read more









