စက်တင်ဘာ ၂၇၊ နေပြည်တော်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး World Vision International Myanmar မှ တာဝန်ရှိသူ များအား ဝန်ကြီးဌာန၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ကလေး သူငယ်အခွင့်အရေးများ အပြည့်အဝရရှိရေး၊ ကလေးသူငယ်များ အပေါ်အကြမ်းဖက်မှု အလွဲ သုံးစားပြုလုပ်မှုများမှ တားဆီးကာကွယ်ရေး၊ လမ်းပေါ်နေကလေးသူငယ်များ ပြန်လည် ထူထောင်ရေး၊ လူကုန်ကူးမှုများ မဖြစ်ပွားစေရန် တားဆီးကာကွယ်ရေးနယ်ပယ်များတွင် World Vision အဖွဲ့အစည်းနှင့် လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရန် နားလည်မှုစာချွန်လွှာ ရေးထိုးဆောင်ရွက်နိုင်မည့် အခြေအနေများ၊ UEHRD ၏လူငယ်လုပ်အားပေးအစီအစဉ် များတွင် World Vision မှပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများ နှင့် အခြား မြို့ကြီးများတွင် လမ်းပေါ်နေကလေးသူငယ်များအား ကူညီထောက်ပံ့ပေးနိုင်ရေး၊ ပြန်လည် ထူထောင်ရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ သင်ကြားဖန်တီးပေးနိုင်ရေးနှင့် ဆိုးကျော့သံသရာမှ လွတ်မြောက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ လူကုန်ကူးခံရသူများ၏မိသားစုအခက်အခဲများ ဖြေရှင်းပေးနိုင်ရေးအတွက် အသေးစားချေး ငွေစနစ် (Micro Finance) အား World Vision အနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
Source: MOSWRR
#hl1
#npw_sep2019