ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဆင်းပွဲအခမ်းအနားကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်သူများ သဘာဝဘေးအသိပညာများ ပိုမိုကျယ်ပြန့်ထိရောက်စွာသိရှိစေရေး၊ ဘေးအန္တရာယ်ထိခိုက်မှု လျှော့ချ ရေးလုပ်ငန်းများကို ပိုမိုနားလည်လာစေပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများကို ကိုယ်တိုင်ထိထိ ရောက်ရောက် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုအခြေခံသင်တန်းဆင်းပွဲအခမ်းအနားကို (၂၇-၉-၂၀၁၉) ရက်နေ့၊ (၁၅း၀၀) နာရီအချိန်တွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။ သင်တန်းဆင်းပွဲအခမ်းအနားတွင် နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦစီးဌာန တိုင်းဦးစီးမှူးက သင်တန်းဆင်းအမှာ စကားပြောကြားပြီး သင်တန်းဆင်း လက်မှတ်များကို ပေးအပ်သည်။ အဆိုပါသင်တန်းသို့ နေပြည်တော်အတွင်းရှိ ပရဟိတအဖွဲ့အစည်းများမှ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ စိတ်ပါဝင်စားသူ သင်တန်း သား/သင်တန်းသူ (၂၅) ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာဝေါဟာရနှင့် သဘောတရားများ၊ ရာသီဥတု ပြောင်းလဲခြင်းနှင့် ယင်း၏ အကျိုးသက်ရောက်မှုများ၊ အရေးပေါ်ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံ တွင်ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များအကြောင်း (၅) ရက်ကြာသင်ကြားပို့ချခဲ့ပြီး သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

#ar
#npw_sep2019

Sign Up

Upcoming Events