တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

28_ Pic _ 01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  စစ်တွေမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှု ကြောင့် (၂၀.၉.၂၀၁၉)ရက်တွက် စစ်တွေမြို့နယ်၊ ဃောသိတာရုံကျောင်းတိုက်သို့် ထပ်တိုး ရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စု(၃)စုမှ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၁)အိတ်၊ (၄)ပြည်အား လည်းကောင်း၊ (၂၄.၉.၂၀၁၉)ရက်တွင် စစ်တွေမြို့နယ်၊ ဓမ္မာရာမကျောင်းတိုက်သို့ ထပ်မံရောက်ရှိလာသော တိုက်ပွဲရှောင်အိမ်ထောင်စု(၂၄)စုမှ လူဦးရေ(၁၁၃)ဦးအတွက် ဆန်ရိက္ခာ(၂)ပတ်စာ ဆန်(၁၆)အိတ်၊ (၁၁)ပြည်၊ (၄)ဘူးအား လည်းကောင်း (၂၇.၉.၂၀၁၉) ရက်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: စစ္ေတြခရိုင်ဦးစီးမှူးရုံး (ဘစမ)

#otr

#rke_sep2019

 

Sign Up

Upcoming Events