လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

30_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီ မြို့နယ်၊ အသရော်ကျေးရွာအုပ်စု၊ အသရော်ကျေးရွာနှင့်မဲကျွန်းကျေးရွာတို့၌ (၂၆-၉-၂၀၁၉) ရက်တွင် ဖြစ်ပွားခဲ့ သော လေဘေးမှလေဘေးသင့်ပြိုလဲနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်၊ ပြိုလဲနေအိမ်(၃)လုံးနှင့် အမိုးလန်နေအိမ်(၁)လုံးတို့ရှိ စုစုပေါင်းလူဦးရေ (၁၆)ဦးတို့အတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုး ထောက်ပံ့ငွေ(၃၃,၆၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၃၃,၆၀၀)ကျပ်နှင့် ပြိုလဲ နေအိမ်(၃)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅) မျိုးပါ(၃) အိမ်ထောင်စာတို့အား (၃၀-၉-၂၀၁၉) ရက်နေ့ နံနက် (၉:၃ဝ) နာရီအချိန်တွင် သာယာဝတီမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ သာယာဝတီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့် ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။

#ha_sgw
#bgo_sep2019

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events