လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာန၊ မြောင်းမြခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၉-၂၀၁၉)ရက်နေ့၊ နေ့လည် (၁၁:၃၀)နာရီမှ (၁၃:၀၀) နာရီအချိန်ထိ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီး ဌာနတို့နှင့်ပူးပေါင်း၍ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့တို့သည် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ သရွတ်ကြီးကျေးရွာအုပ်စု၊ သရွတ်ကြီးကျေးရွာတွင် ဌာန ဆိုင်ရာအဖွဲ့အစည်းများမှအင်အား (၃၀)ဉီးနှင့် ကျေးရွာနေပြည်သူလူထု (၃၅၀) ဦးတို့ဖြင့် မုန်တိုင်းသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းအား ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)