လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန စစ်တိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်း ဇီးချောင်းရေလမ်းကြောင်း ပြန်လည်ကောင်းမွန်ရေးနှင့် ကျေးရွာများရေဝင်ရောက်မှု ကာကွယ်နိုင်ရန်အတွက် ဇီးချောင်းရေကျိုးပေါက်မှုအား ပိတ်ဆို့ဆောင်ရွက်မည့် လုပ်ငန်းတွင် စက်သုံးဆီဝယ်ယူရန် ကုန်ကျငွေ (၂၂၅၀၀၀၀) အား ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှုးနှင့်အတူ (၂၇-၉-၂၀၁၉) ရက်နေ့ (၁၁:၃၀)တွင် သက်ဆိုင်ရာလူများထံသို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
#otr
#sgg_sep2019