Category Archives: News
-
အပြည်ပြည်ဆိုင်ရာသဘာ၀ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မုံရွာမြို့၊ မြို့တော်ခမ်းမ၌ (၁၈-၁၀-၂၀၁၉) ရက်နေ့တွင် ၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုင်ဆုံးရှုံးနိုင်ခြေလျှာ့ချရေးနေ့ အခမ်းအနားကို “BUILT TO LAST” “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ အခိုင်ခံ့ဆုံးတည်ဆောက်စို့” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ လူဦးရေ (၂၅၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #sgg_oct2019 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ဒါဏ်ရာရ ဘုန်းတော်ကြီးများအတွက် ထောက်ပံ့လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် နမ့်ဆန်မြို့နယ်၊ လွယ်ပြတ်ကျေးရွာ၊ လက်ဖက်ခြံစပ်အနီး၌ (၁၃-၁၀-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် မိုင်းနင်း ဒါဏ်ရာရ ဘုန်းတော်ကြီး (၃) ပါးအတွက် စုစုပေါင်းထောက်ပံ့လှူဒါန်းငွေ (၁၅၀,၀၀ဝ/-) ကျပ်ကို (၁၆-၁၀-၂၀၁၉) ရက်နေ့၊ (၁၅း၀၀)နာရီအချိန်တွင် ကျောက်မဲမြို့ပြည်သူ့ဆေးရုံကြီး၌ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ပါကြောင်းသတင်းရရှိပါသည်။ #otr #shn_oct2019 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး
-
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကျင်းပ ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် မြစ်ကြီးနားမြို့၊ City Park Royal ခန်းမ၌ (၁၈-၁၀-၂ဝ၁၉)ရက်နေ့၊ (ဝ၉း၃၀)နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး နေ့ အထိမ်းအမှတ်အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ကုလသမဂ္ဂအဖွဲ့ဝင်များကိုယ်စား UNICEF မှ တာဝန်ရှိသူ (၁)ဦးက အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးက မြန်မာဘာသာဖြင့်လည်းကောင်းအသီးသီး ဖတ်ကြားခဲ့ပါသည်။ ၎င်းနောက် အခမ်းအနားအထိမ်းအမှတ်ဗီဒီယိုပြသခြင်း၊ ဓာတ်ပုံပြခန်းများ လှည့်လည်ကြည့်ရှုခြင်း၊ … Read more
-
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနား ကျင်းပ ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ (၁၈-၁၀-၂၀၁၉)ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး နေ့အခမ်းအနား “International Day For Disaster Risk Reduction-IDDRR” ကို “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ အခိုင်ခံ့ဆုံးတည်ဆောက်စို့” “BUILD TO LAST” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီးက တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ကုသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား UNDP မှ တာဝန်ရှိသူတစ်ဦးက ဖတ်ကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည်သည်တော်များ၊ … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ (စစ်ကုန်း၊ သက္ကယ်တန်း၊ ခွေးတောက်ချောင်း) အုပ်စု(၃)စု ကျေးရွာခွဲ(၃)ရွာတို့၌ (၁-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့နေအိမ်(၃၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၉၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၃၉)စုမှ လူဦးရေ (၁၅၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၂၇,၆၀၀/-) ကျပ်တို့ကို (၁၇-၁၀-၂၁၀၉) ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_oct2019 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး
-
“၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့” အထိမ်းအမှတ် အခမ်းအနားကျင်းပမှုသတင်း =======================
ယနေ့နံနက် (၀၉:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ “၂၀၁၉ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့” အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီ တိုင်းဒေသကြီး အပြည်ပြည် ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး ကော်မတီဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ ပရဟိတအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ပါသည်။ အခမ်း အနားတွင် တနင်္သာရီတိုင်းဒေသကြီး … Read more
-
လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ နွားခြံကျေးရွာအုပ်စု၊ ကျေးရွာခွဲ(၃)ရွာ၌ (၁၄-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန်ပျက်စီးအိမ်ခြေ(၆)လုံး၊ အိမ်ထာင်စု(၆)စုရှိ လူဦးရေ(၂၅)ဦးတို့ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၆၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၂,၅၀၀/-)ကျပ်တို့ကို (၁၇-၁၀-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_oct2019 Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး
-
လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တနင်္သာရီမြို့နယ်၊ သိန်ခွန်း ကျေးရွာအုပ်စု၊ သိန်ခွန်းကျေးရွာ၌ (၁၆-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် သစ်ပင်လဲပြို၍ အိမ်အမိုးပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-) ကျပ်တို့ကို (၁၇-၁၀-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_oct2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး
-
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနားကျင်းပ ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာ၀ဘေးထိုခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေနေ့အထိမ်းအမှတ် အခမ်းအနားကို (၁၈.၁၀.၂၀၁၉) ရက် (၀၉:၀၀)နာရီမှ (၀၉:၄၅)နာရီအထိ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် အခြား ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး၀န်ကြီးဌာန၊ ၀န်ကြီးမှ အဖွင့်အမှာ စကားပြောကြားပြီး စာစီစာကုံးနှင့် ပန်းချီဆုရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခဲ့ပါသည်။ ပြည်နယ်ဦးစီးမှူးမှလည်း … Read more
-
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနားကျင်းပ ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချင်းပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဟားခါးမြို့၊ အထက (၁) ဗိုလ်တိုက်ချွန်းခန်းမ၌ (၁၈-၁၀-၂ဝ၁၉)ရက်နေ့၊ (ဝ၉:ဝ၀)နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား ခဲ့ပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ကုလသမဂ္ဂအဖွဲ့ဝင်များကိုယ်စား IOM မှ တာဝန်ရှိသူ (၁)ဦးက ဖတ်ကြားခဲ့ပါသည်။ ၎င်းနောက် စာစီစာကုံးဆုရကျောင်းသားကျောင်းသူများကို ဆုများချီးမြှင့်ပေးခဲ့ပြီး ဓာတ်ပုံပြခန်းများ လှည့်လည်ကြည့်ရှုခြင်း၊ ဉာဏ်စမ်းပြိုင်ပွဲများ ဖြေဆိုခြင်း၊ အမှတ်တရပစ္စည်းများ ဖြန့်ဝေပေးခြင်းတို့ဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ဥက္ကဌ … Read more









