အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကျင်းပ ပြုလုပ်မှုသတင်း

18_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် မြစ်ကြီးနားမြို့၊ City Park Royal ခန်းမ၌ (၁၈-၁၀-၂ဝ၁၉)ရက်နေ့၊ (ဝ၉း၃၀)နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး နေ့ အထိမ်းအမှတ်အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ကုလသမဂ္ဂအဖွဲ့ဝင်များကိုယ်စား UNICEF မှ တာဝန်ရှိသူ (၁)ဦးက အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ် ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးက မြန်မာဘာသာဖြင့်လည်းကောင်းအသီးသီး ဖတ်ကြားခဲ့ပါသည်။ ၎င်းနောက် အခမ်းအနားအထိမ်းအမှတ်ဗီဒီယိုပြသခြင်း၊ ဓာတ်ပုံပြခန်းများ လှည့်လည်ကြည့်ရှုခြင်း၊ ဉာဏ်စမ်းပြိုင်ပွဲများ ဖြေဆိုခြင်း၊ အမှတ်တရပစ္စည်းများ ဖြန့်ဝေပေးခြင်းတို့ဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဌများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တရားသူကြီးချုပ်များ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပညာရေးကောလိပ်နှင့် သူနာပြုသင်တန်းကျောင်း သင်တန်းသား/သူများ ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မသန်စွမ်းသူများ အသင်းဝင်များ၊ UN, INGO, NGOနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ စုစုပေါင်းလူဦးရေ (၂၅၀)ဦးခန့် တက်ရောက်ခဲ့ ပါကြောင်းသတင်းရရှိပါသည်။

#otr
#kcn_oct2019
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး

Sign Up

Upcoming Events