
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ နွားခြံကျေးရွာအုပ်စု၊ ကျေးရွာခွဲ(၃)ရွာ၌ (၁၄-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် အမိုးလန်ပျက်စီးအိမ်ခြေ(၆)လုံး၊ အိမ်ထာင်စု(၆)စုရှိ လူဦးရေ(၂၅)ဦးတို့ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၆၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၂,၅၀၀/-)ကျပ်တို့ကို (၁၇-၁၀-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_oct2019
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး