အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနား ကျင်းပ ပြုလုပ်မှုသတင်း

18_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ (၁၈-၁၀-၂၀၁၉)ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး နေ့အခမ်းအနား “International Day For Disaster Risk Reduction-IDDRR” ကို “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ အခိုင်ခံ့ဆုံးတည်ဆောက်စို့” “BUILD TO LAST” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်ဝန်ကြီးက တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ကုသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား UNDP မှ တာဝန်ရှိသူတစ်ဦးက ဖတ်ကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည်သည်တော်များ၊ INGO/NGO/CSOများ ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်းလူဦးရေ(၄၅၀)ဦး တက်ရောက်ခဲ့ကာ အခမ်းအနား၌ စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသောကျောင်းသား/သူများအား ဆုများပေးအပ်ခြင်း၊ ဘေး(၈)မျိုးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ တီရှပ်အင်္ကျီများ၊ မုန့်နှင့်အချိုရည်များဖြန့်ဝေခြင်း၊ ဗီဒီယိုများပြသခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr
#rke_oct2019
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး

Sign Up

Upcoming Events