
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ (စစ်ကုန်း၊ သက္ကယ်တန်း၊ ခွေးတောက်ချောင်း) အုပ်စု(၃)စု ကျေးရွာခွဲ(၃)ရွာတို့၌ (၁-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့နေအိမ်(၃၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃,၉၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၃၉)စုမှ လူဦးရေ (၁၅၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၂၇,၆၀၀/-) ကျပ်တို့ကို (၁၇-၁၀-၂၁၀၉) ရက်နေ့၊ (၁၇:၀၀) နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ ဘေးဖြစ်ပွားရာဒေသသို့ သွားရောက်၍ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_oct2019
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး