လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း

18_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တနင်္သာရီမြို့နယ်၊ သိန်ခွန်း ကျေးရွာအုပ်စု၊ သိန်ခွန်းကျေးရွာ၌ (၁၆-၁၀-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် သစ်ပင်လဲပြို၍ အိမ်အမိုးပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-) ကျပ်တို့ကို (၁၇-၁၀-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#tny_oct2019
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events