အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနားကျင်းပ ပြုလုပ်မှုသတင်း

19_Pic_01 19_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချင်းပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဟားခါးမြို့၊ အထက (၁) ဗိုလ်တိုက်ချွန်းခန်းမ၌ (၁၈-၁၀-၂ဝ၁၉)ရက်နေ့၊ (ဝ၉:ဝ၀)နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြား ခဲ့ပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ကုလသမဂ္ဂအဖွဲ့ဝင်များကိုယ်စား IOM မှ တာဝန်ရှိသူ (၁)ဦးက ဖတ်ကြားခဲ့ပါသည်။ ၎င်းနောက် စာစီစာကုံးဆုရကျောင်းသားကျောင်းသူများကို ဆုများချီးမြှင့်‌ပေးခဲ့ပြီး ဓာတ်ပုံပြခန်းများ လှည့်လည်ကြည့်ရှုခြင်း၊ ဉာဏ်စမ်းပြိုင်ပွဲများ ဖြေဆိုခြင်း၊ အမှတ်တရပစ္စည်းများ ဖြန့်ဝေပေးခြင်းတို့ဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီနှင့် မီးသတ်တပ်ဖွဲ့ဝင်များ UN, INGO, NGOနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကျောင်းသားကျောင်းသူများ စုစုပေါင်းလူဦးရေ (၃၇၀) ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#chn_oct2019

 Source:  ချင်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events