အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အခမ်းအနားကျင်းပ ပြုလုပ်မှုသတင်း

19_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာ၀ဘေးထိုခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေနေ့အထိမ်းအမှတ် အခမ်းအနားကို (၁၈.၁၀.၂၀၁၉) ရက် (၀၉:၀၀)နာရီမှ (၀၉:၄၅)နာရီအထိ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် အခြား ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး၀န်ကြီးဌာန၊ ၀န်ကြီးမှ အဖွင့်အမှာ စကားပြောကြားပြီး စာစီစာကုံးနှင့် ပန်းချီဆုရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခဲ့ပါသည်။ ပြည်နယ်ဦးစီးမှူးမှလည်း စာစီစာကုံးနှင့် ပန်းချီဆုရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#otr

#kyh_oct2019

 Source:  ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events