Author Archives: Thandar Aung

  • ပခုက္ကူမြို့နယ်၊ အထက(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမဆောင်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၀-၂၀၁၇) ရက်နေ့၊ နံနက် (၀၇း၃၀~၀၉းဝဝ) နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ အထက(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမဆောင်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက နဝမတန်းမှ ကျောင်းသား/သူ (၃၀၅) ဦးအား မီးဘေး၊ ရေဘေး၊ ငလျင်၊မုန်တိုင်း၊ မြေပြိုခြင်း၊ ဆူနာမီနှင့် မိုးကြိုးဘေးများ၏ ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောပွဲခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများကို ကျောင်းအုပ်ဆရာမကြီးသို့ ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • နမ့်ဆန်မြို့နယ်၊ ဇယန်းကြီးကျေးရွာအုပ်စု၊ ဇယန်းကြီးကျေးရွာဘုန်းကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ၂၆-၁၀-၂၀၁၇) ရက်နေ့၊ (၁၃းဝဝ ~ ၁၅းဝဝ) နာရီအချိန်တွင် ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် နမ့်ဆန်မြို့နယ်၊ ဇယန်းကြီးကျေးရွာအုပ်စု၊ ဇယန်းကြီးကျေးရွာဘုန်းကြီးကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများက ငလျင်ဘေး၊ မိုးကြိုးဘေး၊ လေဘေး၊ မြေပြိုဘေးနှင့် မီးဘေး အစရှိသည့် ဘေးအန္တရာယ်များ၏ ဘေးမဖြစ်ပွားမီ၊ ဖြစ်ပွားစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရန် ရှောင်ရန်နှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး DAN MOBILE APP အကြောင်းရှင်းလင်းဖြန့်ဝေပေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူ (၂၀၀) ဦးတို့ထံ ဘေး(၆)မျိုးပါ လက်ကမ်းစာစောင်များ … Read more

  • နမ့်ဆန်မြို့နယ်၊ ငွန်ဆိုင်းကျေးရွာအုပ်စု၊ အမက ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

    (၂၅-၁၀-၂၀၁၇) ရက်နေ့၊ (၁၃:၀၀ ~ ၁၅:၀၀) နာရီအချိန်တွင် နမ့်ဆန်မြို့နယ်၊ ငွန်ဆိုင်းကျေးရွာအုပ်စု၊ အမက ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများက ငလျင်ဘေး၊ မိုးကြိုးဘေး၊ လေဘေး၊ မြေပြိုဘေးနှင့် မီးဘေး အစရှိသည့် ဘေးအန္တရာယ်များ၏ ဘေးမဖြစ်ပွားမီ၊ ဖြစ်ပွားစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရန် ရှောင်ရန်နှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး DAN MOBILE APP အကြောင်းရှင်းလင်းဖြန့်ဝေခဲ့ကာ တက်ရောက်သူများထံ ဘေး(၆)မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ အလယ်တန်း နှင့်အထက်တန်း ကျောင်းသား၊ ကျောင်းသူ … Read more

Sign Up

Upcoming Events