ပခုက္ကူမြို့နယ်၊ အထက(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမဆောင်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

27_pic01

27_pic02

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၁၀-၂၀၁၇) ရက်နေ့၊ နံနက် (၀၇း၃၀~၀၉းဝဝ) နာရီအချိန်တွင် ပခုက္ကူမြို့နယ်၊ အထက(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမဆောင်၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ တာဝန်ရှိသူများက နဝမတန်းမှ ကျောင်းသား/သူ (၃၀၅) ဦးအား မီးဘေး၊ ရေဘေး၊ ငလျင်၊မုန်တိုင်း၊ မြေပြိုခြင်း၊ ဆူနာမီနှင့် မိုးကြိုးဘေးများ၏ ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောပွဲခဲ့ပြီး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများကို ကျောင်းအုပ်ဆရာမကြီးသို့ ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events