(၂၅-၁၀-၂၀၁၇) ရက်နေ့တွင် ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကြို့ချောင်းကျေးရွာအုပ်စု၌ “သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ” ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာသူ/သား(၁၀၀) ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါတက်ရောက်လာသူများအား တာဝန်ရှိသူများက မီးဘေးနှင့် ငလျင်ဘေး ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ပြီး ခေါက်ဆွဲခြောက်ထုပ်များလည်း ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ကဆရ)