(၂၅-၁၀-၂၀၁၇) ရက်နေ့၊ (၁၃:၀၀ ~ ၁၅:၀၀) နာရီအချိန်တွင် နမ့်ဆန်မြို့နယ်၊ ငွန်ဆိုင်းကျေးရွာအုပ်စု၊ အမက ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများက ငလျင်ဘေး၊ မိုးကြိုးဘေး၊ လေဘေး၊ မြေပြိုဘေးနှင့် မီးဘေး အစရှိသည့် ဘေးအန္တရာယ်များ၏ ဘေးမဖြစ်ပွားမီ၊ ဖြစ်ပွားစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရန် ရှောင်ရန်နှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များအား အသိပညာပေးဟောပြောခဲ့ပြီး DAN MOBILE APP အကြောင်းရှင်းလင်းဖြန့်ဝေခဲ့ကာ တက်ရောက်သူများထံ ဘေး(၆)မျိုးပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။ ဟောပြောပွဲသို့ အလယ်တန်း နှင့်အထက်တန်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၀) ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)